ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆတ် သေကျေးရွာတွင် မေလ၂၃ ရက်ည ၅ နာရီကျော်၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် ကလေးငယ်တစ်ဦးပါ ရေမျှောပါသေဆုံးခဲ့ရကြောင်းသိရသည်။သေဆုံးသူသည်အသက် ၈ နှစ်အရွယ် နန်းဖြိုးသဇင်ဖြစ်ကြောင်းသိရသည်။ပြီးခဲ့သည့်ယခင်နှစ်တွင်လည်း ဆတ်သေကျေးရွာတွင် မိုးကြီးပြီး ရေကြီးသောကြောင့် ရွာသား ပြောင်းခြံများစွာ ရေမြုပ်ခဲ့သေးကြောင်းသိရသည်။



