အသုံးမဝင်တော့ဘဲ ပျက်စီးသွားသည့် ဖုန်းများအတွင်းမှ မှန်ကြိုးများ၊ ဘက်ထရီများ၊ စက်ပြား များ နှင့် ကင်မရာများမှာ ဈေးကွက်အတွင်းဈေးကောင်းနေ၍ စုဆောင်းကာ ရောင်းချသူများလာသလို ဆင်ခြေဖုံး ရပ်ကွက် များတွင် လိုက်လံဝယ်ယူကြသူများလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။လက်ရှိ ဈေးကွက်အတွင်းတွင် ဖုန်းစက်ပြားများမှာ ဖုန်းအမျိုးအစားအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုးရှိ ပြီး ဖုန်းမှန်ကြိုးနှင့် အောက်ခြမ်းအထိုင်များမှာ တစ်ပိဿာလျှင် ၁၂၀,၀၀၀ ကျပ်၊ ဖုန်းဘက်ထရီ တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်၊ ဖုန်းကင်မရာ တစ်ပိဿာ ၉၅၀,၀၀၀ ကျပ်၊ Keypad ဖုန်းတစ်လုံး ၂,၀၀၀ ကျပ် စသဖြင့် ဈေးနှုန်း အသီးသီးရှိနေကြောင်း သိရပါသည်။



