back

မုံရွာမြို့မှာ မိုးများရေလျှံလို့ မြို့ပေါ်ကနေအိမ်တွေ ရေဝင်

May 25 • 2:30 PM

breaking-news

မြန်မာ

မန္တလေး

cover

မုံရွာမြို့မှာ မိုးများရေလျှံလို့ မြို့ပေါ်ကနေအိမ်တွေ ရေဝင်

မနေ့က မေလ ၂၄ရက်ကနေ ဒီကနေ့ မနက်ပိုင်းအထိ မုံရွာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မုံရွာမြို့ပေါ်က ရုံးကြီးရပ်၊ ဘုန်းစိုးရပ်၊ ချမ်းမြဝတီရပ်၊ မြဝတီရပ်၊ ...

မနေ့က မေလ ၂၄ရက်ကနေ ဒီကနေ့ မနက်ပိုင်းအထိ မုံရွာမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မုံရွာမြို့ပေါ်က ရုံးကြီးရပ်၊ ဘုန်းစိုးရပ်၊ ချမ်းမြဝတီရပ်၊ မြဝတီရပ်၊ ရန်ကင်းရပ်၊ ရုံးကြီးရပ်၊ မုံရွာတောင်ရပ် စတဲ့ရပ်ကွက်တွေအပါအဝင် ရပ်ကွက်အများအပြားက နေအိမ်တွေအထဲ ရေဝင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုတ်တရက်ရေတွေဝင်လာခဲ့တာကြောင့် နေအိမ်တွေက လျှပ်စစ်ပစ္စည်းတွေ ရေဝင်ပျက်စီးခဲ့တယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။ မိုးများတာအပြင် ရေမြောင်းတွေ ရေမဆင်းတာ၊ ချောင်းရေတွေလျှံတာတွေကြောင့်ပါ ရေကြီးခဲ့တာလို့ မုံရွာမြို့ခံတွေက ဆိုပါတယ်။လာမယ့် မေလ ၂၇ရက်မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ခြေရှိပြီး အဲဒီနေ့ကနေ နောက်ထပ် ၄၈နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။ 



news-view-count-icon

24