ယနေ့ညနေ ၄:၀၀ တောင်ဒဂုံကွင်းတွင် ကျင်းပခဲ့ သော MNL (U-21) Youth League 2025 (Week-5) ပွဲစဉ်တစ်ပွဲဖြစ်သည့် I.S.P.E အသင်းနှင့် Yadanarbon အသင်းတို့ယှဉ်ပြိုင်ခဲ့ပြီး I.S.P.E အသင်းက Yadanarbon အသင်းကို ၂ဂိုး၊၁ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။အဆိုပါ ပွဲစဉ်၏ AYA Pay Man Of The Match ဆုကို I.S.P.E အသင်းအတွက်ရရှိခဲ့သောသွင်းဂိုး၂ဂိုးကိုသွင်းယူပေးနိုင်ခဲ့သည့် စော အောင်မျိုးဦးကရရှိခဲ့သည်။အကောင်းဆုံးကစားသမား ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်းရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးနေလင်းဦးက ချီးမြှင့်ပေးခဲ့သည်။



