စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ တီဗီရောဂါအသိပညာပေးဟောပြော ပွဲကို မေလ(၂၂)ရက်နေ့ ညနေ(၃)နာရီအချိန်ကကျင်းပခဲ့သည်။ဘီရောဂါအကြောင်းသိကောင်းစရာများကို ပရိုဂျက်တာဖြင့်ပြသ၍ ရှင်းလင်းဆွေး နွေးပြောကြားခဲ့ပြီး နားခိုရာအဖွဲ့အစည်းမှ ဒေါက်တာရွှန်းလဲ့ရည်ညိုမှ ဓါတ်မှန်ရိုက်ရသည့် ဘေးထွက် ဆိုးကျိုးများ၊ ကောင်းကျိုးများနှင့် ဓါတ်မှန်ရိုက်ရာတွင် AIစနစ်ဖြင့် အခမဲ့ ရိုက်ပေးမည်ဖြစ်ကြောင်း သိရသည်။



