back

မူဆယ်မှာ လုယက်မှု ပိုဆိုးလာ

May 25 • 1:16 PM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်မှာ လုယက်မှု ပိုဆိုးလာ

မူဆယ်မှာ မူးယစ်ဆေးဝါးမျိုးစုံ၊ လောင်းကစား မျိုးစုံ အပြင် ပြည့်တန်ဆာ လုပ်ငန်းနဲ့ အခြား ဒုစရိုက် မျိုးစုံ တရားဝင် ပုံစံမျိုး ရှိနေတော့ လုယက်မှု၊ ဓါးပြတိုက်မှု၊ ခိ...

မူဆယ်မှာ မူးယစ်ဆေးဝါးမျိုးစုံ၊ လောင်းကစား မျိုးစုံ အပြင် ပြည့်တန်ဆာ လုပ်ငန်းနဲ့ အခြား ဒုစရိုက် မျိုးစုံ တရားဝင် ပုံစံမျိုး ရှိနေတော့ လုယက်မှု၊ ဓါးပြတိုက်မှု၊ ခိုးမှုတွေ နေ့တိုင်းလိုလို ကြုံတွေ့နေရတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။ တနေ့က လမ်းမကြီး ဘေးမှာ ဒေသခံ အမျိုးသမီး တယောက်လုယက်ခံလိုက်ရတာ။ လမ်းသွားနေတဲ့ အမျိုးသမီး တယောက်ကို အမျိုးသား ၅ ယောက်ပါတဲ့ ကားတစီးက ရပ်ပြီး ကားပေါ်က ဆင်း လုယက်သွားတာ။ ပိုက်ဆံအိတ်နဲ့ လက်ဝတ်လက်စား ပါသွားတယ်။ အမှတ် ၁ လမ်းမကြီးဘေး၊ ဂိုဒေါင် အပြာကြီးနားလို့ပဲ သိရတယ်။" လို့ သူက ပြောပါတယ်။ 



news-view-count-icon

23