ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ကမ်းနားလမ်း၌ အလျား ၃၄ ပေ၊ အနံ ၁၄ ပေအရွယ် ကုန်ဌာနသံကူကွန်ကရစ် ရေဆင်းဆိပ်ခံတံတားနှင့် အလျား၄၀ပေ၊ အနံ၁၄ပေအရွယ် ခရီးသည်နားနေဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။



