back

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

May 25 • 11:26 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် မုံရွာမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု လိုက်လံကြည့်ရှု

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝန်းအတွင်း သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များ ပေါက်ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေ လာကောင်းမွန်စေရေးတို့အတွက် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ သူများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက် ကြသည်။

news-view-count-icon

30