ကျွန်းစုမြို့နယ် ၊ ညောင်ဘီးကျေးရွာအုပ်စု ၊ ပဲယာရွာ တောင်ပေါ်ရှိ ကျောက်မော်တောင်စေတီ မေလ ၂၃ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မိုးကြိုးထိမှန်သည့် စေတီသည် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ယခင်ကလည်း မိုးကြိုးထိမှန်ဖူးကြောင်း ပြန်လည်ပြုပြင်၍ ထီးပြန်တင်ထားသည်မှာ နှစ်နှစ်ခန့်သာရှိသေးကြောင်း ပဲယာရွာသားတစ်ဦးပြောပြသည်။မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသော အချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိကြောင်း လူကယ်ပြန်ဝန်ကြီးဌာန၏ မိုးကြိုးအန္တရာယ်အသိပေးချက်တွင် ဖော်ပြထားသည်။



