back

ရန်ကုန်တိုင်းနှင့်ဒေသအများစု၌မိုးကြီး၍လေပြင်းတိုက်နိုင်ပြီး နှစ်ရက်အတွင်း မိုးပိုနိုင်

May 25 • 9:26 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းနှင့်ဒေသအများစု၌မိုးကြီး၍လေပြင်းတိုက်နိုင်ပြီး နှစ်ရက်အတွင်း မိုးပိုနိုင်

ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်တိုင်းရှစ်ခုရှိ မိုးတိမ်တောင်များဖြစ်ပေါ်ရာ တစ်လျှောက်တွင် မိုးကြီးပြီး လေပြင်းတိုက်နိုင်ကာ ဒေသအများစု၌ လာနည့် နှစ်ရက်အတွင်း မိုးပို...

ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်တိုင်းရှစ်ခုရှိ မိုးတိမ်တောင်များဖြစ်ပေါ်ရာ တစ်လျှောက်တွင် မိုးကြီးပြီး လေပြင်းတိုက်နိုင်ကာ ဒေသအများစု၌ 

လာနည့် နှစ်ရက်အတွင်း မိုးပိုလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မနက်ထုတ်ပြန်ချက်အရ သိရသည်။ယနေ့ညနေအထိခန့်မှန်းချက်အရ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတိုတွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တိုတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

20