ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြိုနယ်အတွင်းတွင် ကျောင်းထိုင်ဘုန်းကြီးက ၎င်း၏ သိမ်ကျောင်းဒကာမဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်ရာ မအောင်မြင်သဖြင့် ဓါးဖြင့်ခုတ်သတ်လိုက်သည့်ဖြစ်စဥ်တစ်ခု ပြီးခဲ့သည့် မေလ ၂၁ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။အဆိုပါ ကျောင်းထိုင်ဘုန်းကြီးမှာ လှည်းကူးမြို၊ အောင်ဘုန်းပြည့် ကျောင်းမှ အသက် (၄၀) နှစ်အရွယ် ဦးသမ္မာစာရ(ခ)သန်းဦး ဆိုသူဖြစ်သည်ဟုသိရပြီး သတ်ဖြတ်ခံရသူ ဒကာမမှာ ထိုကျောင်းတိုက်နှင့် ကားများအပါအဝင် ယင်းဆရာတော်ကို ပစ္စည်းလေးပါး လှူဒါန်းနေသော မင်္ဂလာဒုံမြိုနယ်တွင် နေထိုင်သည့် အသက် (၄၃) နှစ်အရွယ် ဒေါ်သီတာအောင် ဆိုသူဖြစ်သည်ဟုလည်း ဒေသခံများကဆိုသည်။
ကျောင်းထိုင်ဘုန်းကြီးက သိမ်ကျောင်းဒကာမကြီးကို အဓမ္မပြုကျင့်ရန်ကြံစည်ရာ မအောင်မြင်သဖြင့် ဓါးဖြင့်ခုတ်သတ်
May 25 • 9:12 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


