back

အနုပညာဖြင့် မှန်ကန်သည့်လမ်းကြောင်းသိုရောက်ရှိအောင် ပြည်သူကို လမ်းပြစွမ်းဆောင်

May 25 • 9:09 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အနုပညာဖြင့် မှန်ကန်သည့်လမ်းကြောင်းသိုရောက်ရှိအောင် ပြည်သူကို လမ်းပြစွမ်းဆောင်

အတတ်ပညာနှင့် အနုပညာတို ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်လုပ်ငန်း ကမ္ဘာပေါ်၌ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ စတင်ပေါ်ပေါက်ခဲ့စဉ်ကတည်းကပင် လူသ...

အတတ်ပညာနှင့် အနုပညာတို ပေါင်းစပ်ပါဝင်သည့် ရုပ်ရှင်လုပ်ငန်း ကမ္ဘာပေါ်၌ စတင်ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော်ခဲ့ပြီဖြစ်သည်။ စတင်ပေါ်ပေါက်ခဲ့စဉ်ကတည်းကပင် လူသားတို၏ စိတ်နှလုံးကို ဆွဲဆောင်နိုင်ခဲ့သည့်ရုပ်ရှင်သည် ယနေ့ထိတိုင် ဆက်လက်ရှင်သန်လျက်ရှိကာ လူတိုကို ဆက်လက်ဆွဲဆောင်နိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ ထိုအပြင် ရုပ်ရှင်သည် နိုင်ငံအချို၏ ပြည်ပပိုကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်သောလုပ်ငန်းဖြစ်သလို မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုကို ကမ္ဘာက သိနားလည်လာစေရေး၊ မိမိတို၏ အယူဝါဒများ၊ မိမိတို၏ထုတ်ကုန်များကို ကမ္ဘာက လက်ခံလာစေရေးတိုအတွက် ကျယ်ကျယ်ပြန့်ပြန့်အသုံးချသည့် ဆော့ဖ်ပါဝါမီဒီယာတစ်ခုလည်း ဖြစ်သည်။


news-view-count-icon

24