back

မာရသွန်ပြိုင်ပွဲ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်များထံမှ ငွေလိမ်လည်သည့်ပုံစံ ဘန်ကောက်တွင်ဖြစ်ပွား

May 25 • 8:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မာရသွန်ပြိုင်ပွဲ ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်များထံမှ ငွေလိမ်လည်သည့်ပုံစံ ဘန်ကောက်တွင်ဖြစ်ပွား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုင်ပွဲဝင်တစ်ဦး ဘတ် ၄၅၀ ပေးရသည့် မာရသွန်ပြိုင်ပွဲပြုလုပ်ခဲ့သော်လည်း ပွဲစီစဉ်သူများ ရောက်ရှိမလာသဖြင့် ပွဲပျက်ခဲ့သည်။( မေ ၂၅ရက်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုင်ပွဲဝင်တစ်ဦး ဘတ် ၄၅၀ ပေးရသည့် မာရသွန်ပြိုင်ပွဲပြုလုပ်ခဲ့သော်လည်း ပွဲစီစဉ်သူများ ရောက်ရှိမလာသဖြင့် ပွဲပျက်ခဲ့သည်။( မေ ၂၅ရက်)၊ နံနက် ခြောက်နာရီတွင် ဘန်ကောက်မြို့၊ ရာမ ၉ ပန်းခြံ၌ မာရသွန်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများ ရာနှင့်ချီသည် ပြိုင်ပွဲဝင်ရန် ရောက်ရှိလာသော်လည်း ပွဲစီစဉ်သူအပါအဝင် ဝန်ထမ်းများ တစ်ယောက်မှ မရှိဘဲ ပြိုင်ပွဲစတင်ရာ ဂိတ်တစ်ခုနှင့် ရွေ့လျားအိမ်သာကားတစ်စီးကိုသာ တွေ့ရှိခဲ့သည်။မာရသွန်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် တစ်ဦးလျှင် ဘတ် ၄၅၀ အထိပေးသွင်းခဲ့ရခြင်းလည်းဖြစ်သည်။ ပွဲစီစဉ်သူများသည် လူမှုကွန်ရက်၌ ကြေညာစဉ်က ယနေ့ကျင်းပမည်ဟု ကြေညာထားသော်လည်း ပြိုင်ပွဲစတင်ရာဂိတ်၌ စာလုံးအသေးဖြင့် ၂၀၂၈ ခုနှစ်တွင် ကျင်းပမည် လိမ်လည် ထားခြင်းလည်းဖြစ်သည်။

news-view-count-icon

21