ဆရာဂျွန်လွင်က ပရဟိတသမားတစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကို အရမ်းလေးစားတယ်လို့ပြောပါတယ်။ ဒါကြောင့်လည်း အခုလက်ရှိဖြစ်ပေါ်နေတဲ့ ငွေမှားလွှဲတဲ့ကိစ္စဖြစ်စဉ်အသေးစိတ်ကို ကိုယ်တိုင်ဝင်လေ့လာပြီး ကူညီဖြေရှင်းပေးနိုင်ဖို့ အကြံပြုလိုက်ပါတယ်။ ငွေမှားလွှဲခဲ့တဲ့ သျှားထက်နွယ်ဆိုတဲ့ အမျိုးသမီးရဲ့ ပို့စ်ကို အမှန်တရားအတိုင်း လုပ်ဆောင်နိုင်ပါစေလို့ ဂျွန်လွင်က တစ်ပါတည်းပြောခဲ့တာလည်းတွေ့ရပါတယ်။



