ထိုင်းနိုင်ငံ၏ ဆေးသိပ္ပံဌာနမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ထိုင်းနိုင်ငံအတွင်း COVID-19 မျိုးကွဲများအနက် JN.1 မျိုးကွဲသည် လွှမ်းမိုးကြီးစိုးနေဆဲဖြစ်ပြီး XEC မျိုးကွဲ ကူးစက်ခံရသူ လျော့ကျနေသည်။၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့အထိ JN.1 သည် ထိုင်းနိုင်ငံတွင် တွေ့ရှိသော ကိုဗစ်ကူးစက်မှုအားလုံး၏ ၆၃.၉၂% ရှိသည်။အမေရိကန်အပါအဝင် နိုင်ငံအများအပြားတို့တွင် JN.1 ကူးစက်မှု အများဆုံးဖြစ်သည်။XEC သည် ၃.၀၇% သာ ရှိတော့သည်အထိ လျော့နည်းသွားသည်။ထိုင်းတွင် ၂၀၂၅ ဇန်နဝါရီမှာ စတွေ့ခဲ့သည့် LP.8.1 သည် ၁၀% အောက်မှာသာ ရှိနေသည်။


