တရုတ်ဝန်ကြီးချုပ်လီချင်သည် စင်္ကာပူဝန်ကြီးချုပ်အဖြစ်ဒုတိယအကြိမ် ရွေးချယ်ခံခဲ့ရသည့် မစ္စတာလောရန့်စ်ဝေါင်းကိုဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟုသိရသည်။တရုတ်နှင့်စင်္ကာပူတို့သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းများ ဖြစ်ကြပြီး အရေးပါသောမိတ်ဖက်များဖြစ်ကြကာ လက်ရှိတွင် နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုတွင် အားကောင်းလာကြောင်း ပြောကြားခဲ့သည်။နှစ်ဘက်စလုံးသည် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာများ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း လီက ပြောကြားခဲ့သည်။
May 25 • 6:35 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


