Appfigures Intelligence မှ ထုတ်ပြန်သည့် ဒေတာအရ ChatGPT သည် ၂၀၂၅ ဧပြီလ၌ ကမ္ဘာပေါ်တွင် ဒေါင်းလုဒ်အများဆုံးအက်ပ်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက Instagram ကို ကျော်တက်ပြီးနောက် ပထမနေရာကို ရယူခဲ့သည့် AI ဘုရင် ChatGPT သည် ဒုတိယလအဖြစ် ဧပြီလတွင်လည်း ပထမနေရာကို ဆက်လက်ရယူထားဆဲ ဖြစ်သည်။Apple ၏ AppStore နှင့် Google ၏ PalyStore ၂ ခုစလုံးတွင် ပထမနေရာကို ရယူထားပြီး စုစုပေါင်းဒေါင်းလုဒ်ကြိမ်ရေ ၅၂ သန်းကျော် ရှိသည်။ မတ်လထက် ၁၂% ပိုများသည်။TikTok သည် ဒေါင်းလုဒ်ကြိမ်ရေ ၃၉ သန်းကျော်ဖြင့် ကမ္ဘာ့ဒုတိယအများဆုံး ဖြစ်ခဲ့သည်။Meta ၏ အက်ပ် Instagram သည် ဒေါင်းလုဒ်ကြိမ်ရေ ၃၉ သန်းကျော်ဖြင့် ကမ္ဘာ့တတိယအများဆုံး ဖြစ်ခဲ့သည်။ 
May 25 • 6:33 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


