back

ပြည်တွင်း၌ YBS ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်နေဟုဆို

May 25 • 5:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ပြည်တွင်း၌ YBS ယာဉ်မောင်းများ မူးယစ်ဆေးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်နေဟုဆို

ရန်ကုန်မြို့တွင်း အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့ YBS ယာဉ်မောင်းများ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးက...

ရန်ကုန်မြို့တွင်း အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့ YBS ယာဉ်မောင်းများ မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ ၊ မရှိကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ စစ်ဆေးမှုများ ဆောင်ရွက်‌ေနပါတယ်။ YBS ယာဉ်မောင်းများမှ အရက်သေစာ သောက်စားတာ၊ မူးယစ်ဆေးဝါးသုံးစွဲတာနှင့် မဆင်မခြင် မောင်းနှင်မှုတွေကို အများပြည်သူအနေနဲ့ တွေ့ရှိပါကလည်း YRTC Call Center သို့ တိတိကျကျ တိုင်ကြားနိုင်ပြီး တိုင်တန်းလာမှုအပေါ်မှာလည်း YRTC မှ ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်နဲ့ အရေးယူသွားမှာဖြစ်သလို စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပြီးတော့လည်း အရေးယူသွားမှာ ဖြစ်တယ်လို့ ၎င်းကပြောကြားခဲ့ပါတယ်။လက်ရှိမှာလည်း YBS ယာဉ်မောင်းများအနေနဲ့ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်းရှိ ၊ မရှိ ကို စစ်ဆေးဆောင်ရွက်နိုင်ဖို့အတွက် စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ ၆ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။YRTC အနေနဲ့ နေ့စဉ် YBS ယာဉ်လိုင်းပေါင်း ၁၃၀ ကျော်၊ ယာဉ်အစီးရေ ၃၅၀၀ ကျော်နှင့် ခရီးသည် ၁၄ သိန်းကျော်ကို ဝန်ဆောင်မှုပေးနေတယ်လို့လည်း သိရပါတယ်။


news-view-count-icon

23