ထိုင်းနိုင်ငံမှ သျှားထက်နွယ် Online Shop တစ်ခုမှ ခိုင်နှင်းဝေ ပရဟိတအသင်းသို့ လှူနေကျအလှူရှင်တစ်ဦးက အထည်အပ်ငွေတစ်ခုကို မှား၍ ပရဟိတအကောင့်သို့ လွှဲမိခဲ့သည်။ မှားလွှဲပြီး ခန့်မှန်း၍ တစ်နာရီအတွင်းသာ ပြန်ယူနိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့သော်လည်း ပရဟိတအဖွဲ့ဘက်က ထုတ်ဖော်ပြောကြားမှုအမျိုးမျိုးရှိခဲ့ပြီး ထိုငွေကိုလည်း “အလှူငွေဝင်တာနဲ့ တန်းပဲ လှူပစ်လိုက်ပြီ” ဟု ပြောကြောင်းဆိုသည်။အလှူငွေမှားလွှဲမှုဖြစ်ပွားသည့်အခါ၊ တာဝန်ရှိသူများအနေဖြင့် စဉ်းစားချက်နှင့် တာဝန်ယူမှုရှိစွာဖြင့် ဖြေရှင်းသင့်ကြောင်း အများအပြားကထောက်ပြထားကြသည်။ ချွေးနည်းစာဖြင့်ရရှိသည့် ငွေများအား ချက်ချင်းပြန်အမ်းပေးသင့်ကြောင်း ဆိုသူများလည်း ပေါ်ပေါက်နေသည်။ ယင်းအမှုအပေါ် ပြည်သူများက ဝေဖန်ဆွေးနွေးမှုများစွာပြုလုပ်နေကြသဖြင့် ပရဟိတအဖွဲ့၏ တာဝန်ယူမှုနှင့် ပြတ်သားသော ရှင်းလင်းချက်ပေးမှုကို မျှော်လင့်ထားကြသည်။






