ပြည်တွင်း၌ Kpay အကောင့် အဆင့်မြှင့်တင်ပေးမည်ဟူ၍ ဖုန်းဆက်ကာ ငွေကြေးလိမ်လည်မှုများကြောင့် အသိ ပညာပေးမှု များကို KBZ ဘဏ်များနှင့် Kpay Application များ၌ အသိပေးလုပ်ဆောင်နေသော်လည်း ရန်ကုန် မြို့ရှိ ရပ်ကွက် အချို့တွင် လိမ်လည်ခံရသည့်ဖြစ်ရပ်များ ကြုံနေရဆဲဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများ၏ ပြောပြချက်အရ သိရပါတယ်။အဆိုပါလိမ်လည်မှုများမှာ ပြီးခဲ့သည့်နှစ်များအတွင်းကတည်းက ဖြစ်ပေါ်နေဖြစ်ပြီး ယခုနောက်ပိုင်းတွင် သုံးစွဲသူများကြား လိမ်ခံရမှုခပ်စိပ်စိပ်ကြုံလာခဲ့ပါတယ်။ယခုနောက်ပိုင်း လူမှုကွန်ရက်အသုံးပြုသူများ ပိုမိုများပြားလာသည့်အပေါ် အခွင့်ကောင်းယူ၍ ငွေကြေး လိမ်လည်မှုများသည် ပုံသဏ္ဍန်မျိုးစုံဖြင့် ဖြစ်ပွားနေပြီး ကုန်ပစ္စည်းရောင်းဝယ်သည့်ပုံစံ၊ ချေးငွေလုပ်ငန်း၊ ကံစမ်းမဲ၊ ကျန်းမာရေးဝန်ဆောင်မှု၊ အိမ်ခြံမြေဝန်ဆောင်မှု၊ ခရီးသွားဝန်ဆောင်မှု၊ အလှပရေးရာဝန်ဆောင်မှု စသည်ဖြင့် လိမ် လည်မှုများကိုပုံစံအမျိုးမျိုး အုပ်စုဖွဲ့၍ လုပ်ဆောင်နေကြကြောင်း သိရပါတယ်။
ပြည်တွင်း၌ အသိပညာပေးမှုများရှိနေသော်လည်း K pay အဆင့်မြှင့်ပေးမည်စသဖြင့် ရန်ကုန်မှာ အလိမ်ခံရသူများ ဆက်ရှိနေ
May 25 • 4:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


