စစ်ကိုင်းမြို့ရှိ မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) ဝန်းအတွင်းရှိပန်းခြံ၌ ငလျင်ဘေးသင့်ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုနှင့် စိတ်ဖိစီးမှုလျော့ချပေးနိုင်ရေးအတွက် “ကလေးပျော်နေရာ” တစ်ခုကို ဖွင့်လှစ်ထားရှိသည်။ ဤနေရာတွင် ကလေးငယ်များအတွက် အားကစားလုပ်နိုင်သောကွင်းများ၊ ပုံဆွဲခြင်း၊ သရုပ်ပြခြင်းအပါအဝင် ဖျော်ဖြေရေးလုပ်ဆောင်ချက်များကို စီစဉ်ပေးထားပြီး၊ ကလေးငယ်များစိတ်ကျေနပ်စွာ ပါဝင်နိုင်သည့် ပတ်ဝန်းကျင်အဖြစ် ဖန်တီးထားသည်။



