မနေ့က ဗီယက်နမ် မှာ Gods of Martial Arts က ကျင်းပခဲ့တဲ့ GMA 5 ပြိုင်ပွဲမှာ ကျော်ခန့်ဝင်း သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပါတယ်။GMA က ဗီယက်နမ် အခြေစိုက် ပရိုမိုးရှင်းဖြစ်ပြီး Regional အဆင့် ဆိုတာထက် ပိုတဲ့ အရှေ့တောင်အာရှ အဆင့် ပရိုမိုးရှင်းမျိုးလို့ ပြောရင်ပိုမှန်ပြီး သူတို့ ပြိုင်ပွဲကျင်းပတဲ့ ပုံစံတွေ ၊ TV Production ထုတ်လုပ်တာ ၊ Presentation လုပ်တာတွေက Regional အဆင့်မဟုတ်ဘဲ မနေ့ညက ကျင်းပသွားတဲ့ GMA 5 ပြိုင်ပွဲမှာ မြန်မာ ကစားသမားတွေ ပါတယ် ၊ ခမာပါတယ် ၊ ထိုင်း ပါတယ် ၊ အိမ်ရှင် ဗီယက်နမ် နဲ့ မလေးရှား က ဖိုက်တာတွေ ပါဝင်ပါတယ်။GMA 5 ပြိုင်ပွဲက International ဖိတ်ခေါ်ပြိုင်ပွဲမျိုး ဖြစ်ပြီး ချန်ပီယံ ခါးပတ်လဲ ပေးမှာပါ။ မနေ့ညက ပွဲစဉ်တွေက ကွာတားဖိုင်နယ် ပွဲစဉ်တွေ ဖြစ်ပြီးကျော်ခန့်ဝင်း က ထိုင်း ဖိုက်တာနဲ့ တွေ့ပြီးဒုတိယချီမှာတော့ လက်ဝှေ့က ဖိုက်တာက ချုပ်ကွက်နဲ့ ပွဲသိမ်းပြလိုက်ပါတယ်။သူ့ရဲ့ MMA ဖိုက်တာဘ၀ ပထမဆုံး ပွဲဖြစ်သလို ၊ပထမဆုံး ပွဲသိမ်းရလာဒ် ချုပ်ကွက်နဲ့ အနိုင်ယူပြလိုက်တာမျိုးလဲ ဖြစ်ပါတယ်။



