back

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်မိုးသည်းထန်ရွာပြီး တောင်ကျရေကြောင့် အင်းလေးကန် အနောက်ပတ်လမ်းရေကျော်သွားလာ၍မရ

May 25 • 2:40 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်တွင်မိုးသည်းထန်ရွာပြီး တောင်ကျရေကြောင့် အင်းလေးကန် အနောက်ပတ်လမ်းရေကျော်သွားလာ၍မရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ပတ်လမ်းတွင် မိုးသည်းထန် ရွာပြီး တောင်ကျရေကြောင့် ကားလမ်းရေကျော် နေကြောင်း သွားလာခဲ့သူ တစ်ဦးဆီမှသိရပါ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးကန် အနောက်ပတ်လမ်းတွင် မိုးသည်းထန် ရွာပြီး တောင်ကျရေကြောင့် ကားလမ်းရေကျော် နေကြောင်း သွားလာခဲ့သူ တစ်ဦးဆီမှသိရပါတယ်။မေလ ၂၄ ရက် မွန်းလွဲပိုင်းမှ စတင်၍ မိုးချုပ်သည်အထိ မနားတမ်း ရွာချလိုက်သော မိုးရေ ကြောင့် တောင်ကျရေများ အင်းလေးကန် အနောက်ပတ်လမ်း တစ်လျှောက် ကားလမ်း ရေကျော် ကား ဆိုင်ကယ်များ မှောက်လဲခြင်း ရှိကြောင်း သိရပါတယ်။တောင်ကျရေကြောင့် ဆိုင်ကယ်မောင်းစဉ် ဒူးဆစ်မြုပ်သည်အထိ တံတား ရေကျော် သော နေရာများလည်း ရှိပြီး လမ်းတိုင်း ၊ တံတားတိုင်းတွင် ရေကျော်မှုများ ဖြစ်နေကာတောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ရွှေတောင် ရပ်ကွက်၊ ရတနာသီရိ ရပ်ကွက် ၊ လမ်းမတော် ရပ်ကွက်၊ ရှိ အနိမ့်ပိုင်း ရပ်ကွက်များတွင်ယနေ့မိုးရွာခြင်းကြောင့်ရေကြီး ရေလျှံ နစ်မြုပ်မှုဖြစ်ပွားပါတယ်။


news-view-count-icon

19