back

သရုပ်ဆောင်ပရဟိတမင်းသမီးခိုင်နှင်းဝေကအသင်းအား ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံ လုပ်မည့် မည်သူကိုမဆို တရားစွဲဆိုသွားမယ်လို့ အလှူငွေမှားလွှဲသည့် ကိစ္စနှင့်ပတ်သက်ပြီးပြော

May 25 • 2:37 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

သရုပ်ဆောင်ပရဟိတမင်းသမီးခိုင်နှင်းဝေကအသင်းအား ဂုဏ်သိက္ခာကျဆင်းအောင် နည်းမျိုးစုံ လုပ်မည့် မည်သူကိုမဆို တရားစွဲဆိုသွားမယ်လို့ အလှူငွေမှားလွှဲသည့် ကိစ္စနှင့်ပတ်သက်ပြီးပြော

သရုပ်ဆောင်ခိုင်နှင်းဝေ ဖောင်ဒေးရှင်းဖြစ်တဲ့ စုနှင်းပွင့် အကောင့်သို့ ငွေကျပ် ၂,၉၅၅,၀၀၀ ကျပ်ကို မှားယွင်းလွှဲပေးခဲ့မိတာလည်းဖြစ်ပါတယ်။ ယခင်ကလည်း ခိုင်နှင်းဝေဖောင်...

သရုပ်ဆောင်ခိုင်နှင်းဝေ ဖောင်ဒေးရှင်းဖြစ်တဲ့ စုနှင်းပွင့် အကောင့်သို့ ငွေကျပ် ၂,၉၅၅,၀၀၀ ကျပ်ကို မှားယွင်းလွှဲပေးခဲ့မိတာလည်းဖြစ်ပါတယ်။ ယခင်ကလည်း ခိုင်နှင်းဝေဖောင်ဒေးရှင်းသို့ ငွေလှူဒါန်းခဲ့ဖူးသူဖြစ်ပြီး အထည်ဖိုးလွှဲရာမှာ အကောင့်မှားလွှဲခဲ့တာဖြစ်ပြီးငွေထည့်မှားတာ သိသိချင်းမှာပဲ ဖောင်ဒေးရှင်းရုံးသို့လူကိုယ်တိုင်သွားရောက်ပြီး ပြောချိန်မှာ ခိုင်နှင်းဝေမရှိဘဲ ပျော်ဘွယ်သို့ ခရီးထွက်နေကြောင်း ၄,၅ ရက်နေမှ ပြန်လာခဲ့ဖို့ ရုံးဝန်ထမ်းတွေကဆိုပါတယ်။ သူတို့ချိန်းတဲ့ ရက်ပြန်သွားချိန်မှာလည်း လိုအပ်တဲ့စာရွက်စာတမ်းတွေကို ယူသွားပေးခဲ့ပြီး အဆင့်ဆင့်တင်ရမှာမို့ နောက် ၄,၅ ရက်ထပ်မံစောင့်ခိုင်းခဲ့ပါတယ်။ စောင့်ခိုင်းတဲ့ရက်ပြည့်ချိန်မှာ ဖုန်းထပ်မံခေါ်ဆိုခဲ့ပြီး မကိုင်လို့ လူကိုယ်တိုင်လိုက်သွားချိန်မှာ တောင်ဒဂုံမြို့နယ်ရုံးက ထောက်ခံချက်သွားယူခိုင်းခဲ့ပေမယ့် မြို့နယ်ရုံးက လုပ်ရိုးလုပ်စဉ်မရှိဘူးလို့ ပြောခဲ့ပါတယ်။ ည ၇ နာရီမှာတော့ ခိုင်နှင်းဝေရဲ့ မန်နေဂျာဆိုသူ ပြန်လည်ဆက်သွယ်လာပြီး အဆိုပါငွေကို အချိန်နဲ့တပြေးညီ လှူလိုက်ပြီဖြစ်ကြောင်းပြောပါတယ်။ အဆိုပါငွေကိုပြန်လည်ရယူလိုပါက နေပြည်တော်အထိ အဆင့်ဆင့်တင်ရမည်ဖြစ်ကြောင်း အချိန်အတိအကျကိုတော့ မသိကြောင်း မန်နေဂျာဘက်ကပြောလာခဲ့ပါတယ်။ အဆိုပါငွေကိုပြန်လည်ရရှိဖို့ လမ်းစဉ်အတိုင်း KBZ Bank သို့သွားရောက်ဖြေရှင်းစဉ် ငွေမှားလွှဲသူကိုသိနေတဲ့အတွက် အချင်းချင်ူပြန်တောင်းဖို့နှင့် မရပါက စခန်းကိုတိုင်ချက်ဖွင့်ဖို့ အကြံပေးခဲ့ပါတယ်။ သူမအနေနဲ့ ခိုင်နှင်းဝေရဲ့ ဂုဏ်သိက္ခာ ထိခိုက်လိုစိတ်မရှိဘဲ သူမရဲ့ချွေးနည်းစာလေးသာ ပြန်ပေးဖို့တောင်းဆိုထားတာပါ။ အဆိုပါ ပြဿနာကို ခိုင်နှင်းဝေက ပြန်လည်စိစစ်နေရလို့အချိန်တစ်ခုစောင့်ခိုင်းထားတာသာဖြစ်ကြောင်းနှင့် အသင်းအားနာမည်ဖျက်သူ ၊ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်မည့်သူတွေကို တရားစွဲဆိုသွားမယ်လို့ သတိပေးလိုက်ပါတယ်။


news-view-count-icon

21