back

မိုးသည်းထန်စွာရွာနေမှုကြောင့် မုံရွာ–ကလေးဝ–ဖောင်းပြင် မဟာမြိုင်လမ်းပိတ်

May 24 • 11:52 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

မိုးသည်းထန်စွာရွာနေမှုကြောင့် မုံရွာ–ကလေးဝ–ဖောင်းပြင် မဟာမြိုင်လမ်းပိတ်

စစ်ကိုင်းတိုင်း ရေဦးခရိုင် တန့်ဆည်နှင့် ကလေးခရိုင်ကြား မဟာမြိုင်တောအတွင်းရှိ မုံရွာ–ကလေးဝ–ဖောင်းပြင် ချိတ်ဆက်လမ်းပိုင်းသည် မိုးအဆက်မပြတ်ရွာနေမှုကြောင့် မနေ့ညနေ...

စစ်ကိုင်းတိုင်း ရေဦးခရိုင် တန့်ဆည်နှင့် ကလေးခရိုင်ကြား မဟာမြိုင်တောအတွင်းရှိ မုံရွာ–ကလေးဝ–ဖောင်းပြင် ချိတ်ဆက်လမ်းပိုင်းသည် မိုးအဆက်မပြတ်ရွာနေမှုကြောင့် မနေ့ညနေပိုင်းမှ စတင်၍ ယာဉ်အသွားအလာ မဖြစ်နိုင်အောင် ပျက်စီးမှုများ ဖြစ်ပေါ်လာ၍ ယာယီပိတ်ထားခဲ့ကြောင်း ကားသမားများက ပြောသည်။ ကားအများစု ဗွက်နစ်နေပြီး ကုန်သွယ်ရေးအဆင်မပြေတာကြောင့် ဖောင်းပြင်၊ ဟုမ္မလင်းနှင့် ခန္တီးဒေသများသို့ လူသုံးကုန်နှင့် စားသောက်ကုန်များ တင်ပို့မှုနှေးကွေးနေကြောင်း သိရသည်။ အစိုးရဘက်က နယ်မြေရှင်းလင်းရေးအပြီး လမ်းပြန်ဖွင့်မည်ဟုဆိုသော်လည်း မြေပြင်အခြေအနေအရ ပိတ်ဆို့မှုကြောင့် ဒေသခံများအခက်အခဲရောက်နေပြီး ယခုလမ်းသည် မုံရွာ–ဂန့်ဂေါနှင့် မုံရွာ–ကလေးဝလမ်းပိတ်နေသည့်အတွက် တစ်ခုတည်းသော ကျန်ရှိလမ်းဖြစ်နေသည်။


news-view-count-icon

18