ဧပြီလမှာ ဂျပန်နိုင်ငံကို နိုင်ငံခြားခရီးသွား ၃.၉ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး တစ်လတာအတွက် အမြင့်ဆုံးဖြစ်ခဲ့တဲ့ အခုနှစ် ဇန်နဝါရီလကစံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံကို နိုင်ငံခြားခရီးသွား ၃,၉၀၈,၉၀၀ လောက် လာရောက်လည်ပတ်ခဲ့တယ်လို့ ခန့်မှန်းရပြီး အရင်နှစ် အလားတူလကထက် ၂၈.၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ဂျပန် ခရီးသွားလုပ်ငန်းအဖွဲ့အစည်း ပြောကြားခဲ့ပါတယ်။ အဲဒီ လအလိုက် ခရီးသည်အရေအတွက်ဟာ အခုနှစ် ဇန်နဝါရီလမှာ တင်ခဲ့တဲ့ အရင်စံချိန် ၃.၇၈ သန်းကို ကျော်လွန်သွားခဲ့ပါသည်။



