တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့်အား ဂုဏ်ပြုရန်နှင့် နှစ်နိုင်ငံပညာရေးကဏ္ဍကူးလူးဖလှယ်မှုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ အခြေခံပညာကျောင်းအုပ်ကြီးများ ကိုယ်စားလှယ်အဖွဲ့ သည် တရုတ်နိုင်ငံ ပေကျင်းမြို့နှင့် ထျန်းကျင်းမြို့သို့ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ လေ့လာရေးခရီးသွား ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ ထုတ်ပြန်သည်။



