မေလ ၂၄ရက် ဒီနေ့ညနေ ၅နာရီ ၄၅မိနစ်ဝန်းကျင်မှာမကွေးတိုင်း၊ စလင်းမြို့အထွက်က တိုရွာအနီးက မြဧရာ ဓါတ်ဆီဆိုင်မှာ ဓါတ်ဆီလဲလှယ်နေစဉ် မီးလောင်ခဲ့လို့ ဆီဘောက်ဆာကားတစ်စီး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။အဆိုပါ ဓါတ်ဆီဆိုင်မှာ မီးလောင်တာကြောင့် သွားရောက် ကူညီသူ၊ကြည့်ရှု့သူတွေ များလာပြီး လူအုပ်ကြီးဖြစ်လာလို့ သေနတ်ဖောက် လူစုခွဲခဲ့တယ်လို့လည်း သိရပါတယ်။ ပန့်ဆီဆိုင်မီးလောင်တာကြောင့် စလင်းမြို့နယ် မီးသတ်တပ်ဖွဲ့က ကားသုံးစီးနဲ့ မီးငြှိမ်းပေးခဲ့ပြီး ညနေ ၆နာရီဝန်းကျင်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။



