ဂျပန်နိုင်ငံ၏ စူပါမားကတ် အော်ပရေတာများသည် ဆန်ပြတ်လပ်မည့်အရေး ရတက်မအေး ဖြစ်နေရပြီး ဆန်ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရသော စားသုံးသူများအတွက် အခြားရွေးချယ်စရာများကို ပေးဆောင်ရန် စျေးသက်သာသော နိုင်ငံခြားထွက်ဆန်များ ရောင်းချမှုကို တိုးမြှင့်ပေးကြသည်။ Aeon ကုမ္ပဏီသည် ကယ်လီဖိုးနီးယားမှထွက်ရှိသော အမေရိကန်ဆန်များကို ဇွန် ၆ ရက်မှစ၍ ၎င်း၏လက်လီအရောင်းဆိုင်များတွင် အဓိကအားဖြင့် မြို့ပြများတွင် ရောင်းချမည်ဖြစ်ပြီး ၄ ကီလိုဂရမ် တထုပ်လျှင် ယန်း ၂,၈၉၄ (ဒေါ်လာ ၂၀) ဖြင့် ရောင်းချမည်ဖြစ်သည်။ ဂျပန်တွင် မေလဆန်းမှာ ဆန်ဈေး အနည်းငယ် ကျဆင်းခဲ့သော်လည်း မေလ ၅-၁၀ တွင် ဈေးပြန်တက်သည်။ စူပါမားကက်များမှာ ၅ ကီလိုဂရမ် ဆန်တထုပ်ကို ၄၂၆၈ ယန်းဖြင့် ရောင်းချသည်။



