MNL (U-21) Youth League 2025 အမှတ်ပေး ဘောလုံးပြိုင်ပွဲ (Week-5) ပွဲစဉ်တစ်ပွဲ အဖြစ် မေ ၂၄ ရက်(ယနေ့)၊ ညနေက ပဒုမ္မာကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်း တိုက်စစ်မှူး ညီညီတိုး က ရရှိခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ပွဲတွင် ရှမ်းယူနိုက်တက် အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက် တိုက်စစ်မှူး ညီညီတိုး (ကျောနံပါတ်-၂၂)သည် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုး တစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့် သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။



