စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ဗဟိုသာသနာပြုကျောင်းတိုက် ၌ ယနေ့နံနက် (၉:၃၀)နာရီအချိန်က ဘုန်းတော်ကြီးသင်ပညာရေးမူလတန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ အဂ္ဂဓဇနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများစုစုပေါင်းအင်အား (၁၁၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ကျောင်းအပ်နှံနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ကျောင်းအပ်နှံခြင်းကို ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မေလ (၂၂)ရက်နေ့တွင် စတင်လက်ခံခဲ့ပြီး ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



