ယနေ့ မေလ ၂၄ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ On Road , Off Road မောင်းနှင်နိုင်တဲ့စွမ်းရည်မြင့် BAIC Myanmar က The Off-road Legend BJ60 ကားသစ်ကြီးမိတ်ဆက်ပွဲ အခမ်းအနားကို နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ကျော်ထက်ဇော်၊ လီလီကျော်ခိုင်၊ အကယ်ဒမီရွှေထူး၊ ထက်ယံနဲ့ နီနီခင်ဇော်တို့ တက်ရောက်ခဲ့ကြပါတယ်။အဆိုပါ မိတ်ဆက်ပွဲကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ ထူးအောင်၊ ကျော်ထက်ဇော်နဲ့ လီလီကျော်ခိုင်တို့က ကိုယ်တိုင်ကားကို စမ်းသပ်မောင်းနှင်ပြီး တောင်ပေါ်ဒေသသွားလာရင်း လမ်းခရီးကြမ်းတွေကို ဖြတ်သန်းခဲ့ပုံတွေကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်တွေကို ရှင်းပြခဲ့ပါတယ်။မေလ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ စတင်ပြီး ဝယ်ယူလိုသူတွေအနေနဲ့ Myanmar Plaza မှာ လာရောက်လေ့လာကြည့်ရှုနိုင်သလို Aung Gabar Motor Services Co.,Ltd. ရဲ့အရောင်းပြခန်းတွေနဲ့ BAIC dealers showroom တွေမှာ ကိုယ်တိုင်စမ်းသပ်မောင်းနှင်းပြီး ကျပ် ၂၇၂၈ သိန်းနှုန်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ကြောင်း သိရပါတယ်။



