ပဲခူးမြို့ မဇင်းရပ်ကွက်၊ မဟာစေတီ(၃)လမ်းနေ ဦးပန်းမြိုင်၊ဒေါ်ယဥ်ယဥ်မွန်တို့ရဲ့သားဖြစ်သူ အသက် ၁၄နှစ် အရွယ် ၇တန်း ကျောင်းသားလေး မောင်သက်နိုင်မင်း ပျောက်ဆုံးခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး ပဲခူးအမှတ်(၂)နယ်မြေရဲစခန်းမှ အမှုဖြင့် မသင်္ကာသူ ပဲခူးမြို့ မဟာစေတီ(၃) လမ်းနေ နိုင်အောင်ဖြိုး (၃၁နှစ်)အား ဖမ်းဆီးစစ်ဆေးရာမှ အမှုမှန်ပေါ်ပေါက်ခဲ့ပြီး ပြစ်မှု ကျုးလွန်ခဲ့ရာတွင် ပါဝင်ခဲ့သူ ပဲခူးမြို့ မဇင်းတိုးချဲ့(၂) ရပ်ကွက်နေ အောင်ကျော်ဇော(ခ) ကျော်ကြီး (၃၂နှစ်)တို့ကို ဖမ်းဆီးရပြီ ဖြစ်ကြောင်း သိရပါတယ်။ပြစ်မှုကျူးလွန်သူ နိုင်အောင်ဖြိုး နှင့် အောင်ကျော်ဇော(ခ) ကျော်ကြီး တို့နှစ်ဦးကို ပဲခူး၊ အမှတ် (၂)နယ်မြေရဲစခန်းမှ (ပ)၉၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၆၄ တို့ဖြင့် ယနေ့ (မေလ ၂၄) အမှုဖွင့်လှစ်လိုက်ပြီး အမြန်ဆုံးတရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။



