ယမန်နေ့ မေလ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာမန္တလေးတိုင်း မိုးကုတ်မြို့မှာ အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ် စီးလာပြီး လက်ပစ်ဗုံး ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ လူ ၆ ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက "လာပစ်တဲ့ နှစ်ယောက်က အသက်ငယ်ငယ်လေးပဲ ရှိသေးတယ်။ သူတို့လာပစ်တဲ့အချိန် အပြင်မှာ ရှိတဲ့သူက ထွက်ပြေးသွားပြီး အထဲမှာရှိတဲ့ ၆ ယောက်က ထိသွားတယ်" လို့ ပြောပါတယ်။ လက်ရှိမှာတော့ လက်ပစ်ဗုံး လာရောက် ပစ်ခတ်သွားတဲ့ အမျိုးသားနှစ်ဦး ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ပါတယ်။



