မွန်ပြည်နယ်မှ စစ်ရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရေနှင့် အစားအသောက် မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါများဖြစ်ပွားနေသည်ဟု ကျန်းမာရေးဌာနမှ သိရသည်။ကလေးငယ်များအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး သန့်ရှင်းသည့် ရေနှင့် အစားအသောက်များ အဓိကလိုအပ်နေသည်ဟု သိရပါသည်။စစ်ရှောင်ပြည်သူများအနေဖြင့် စမ်းချောင်းရေများကိုသာ အဓိက သောက်သုံးနေရပြီး အိမ်သာများလည်း လုံလောက်မှုမရှိသောကြောင့် ရောဂါကူးဆက်မှု ပိုများလာသည်ဟု သိရသည်။လက်ရှိတွင် ဝမ်းရောဂါကူးဆက်သူများအား ဆေးဝါး ကုသပေးနေပြီး တော်လှန်ရေးဆေးတပ်ဖွဲ့အနေဖြင့် လက်လှမ်းမမှီသည့် စစ်ရှောင်စခန်းများအတွက်မူ ဆေးဝါးကုသရန် ခက်ခဲများကြုံနေရသည်ဟု သိရသည်။



