back

၂၀၂၆ခုနှစ်ရဲ့အာဆီယံချန်ပီယံရှစ် စပွန်ဆာသစ်ဖြစ်လာတဲ့ ဟွန်ဒိုင်း

May 24 • 7:58 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

၂၀၂၆ခုနှစ်ရဲ့အာဆီယံချန်ပီယံရှစ် စပွန်ဆာသစ်ဖြစ်လာတဲ့ ဟွန်ဒိုင်း

၂၀၂၆ခုနှစ်ရဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို စပွန်ဆာအသစ်အဖြစ် ကိုရီးယားကားကုမ္ပဏီ ဟွန်ဒိုင်းက စပွန်ဆာပေးမယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က တရားဝင် သတင်းထုတ်ပြန်ပါ...

၂၀၂၆ခုနှစ်ရဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို စပွန်ဆာအသစ်အဖြစ် ကိုရီးယားကားကုမ္ပဏီ ဟွန်ဒိုင်းက စပွန်ဆာပေးမယ်လို့ အာဆီယံဘောလုံးအဖွဲ့ချုပ်က တရားဝင် သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၂ နဲ့ ၂၀၂၄ စပွန်ဆာ မစ်ဆူဘီရှီနဲ့ လမ်းခွဲပြီးနောက် ဟွန်ဒိုင်းကို စပွန်ဆာအသစ်အဖြစ် လက်ခံလိုက်တာပါ။ ပြိုင်ပွဲအမည်ကိုလည်း ASEAN Hyundai Cup လို့ အမည်ပြောင်းလဲထားပါတယ်။ အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ၁၉၉၆ခုနှစ်ကတည်းက ကျင်းပခဲ့ပြီး Title Sponsor တွေအဖြစ် တိုက်ဂါး၊ ဆူဇူကီး နဲ့ မစ်ဆူဘီရှီ တို့က စပွန်ဆာပေးခဲ့ကြဖူးပါတယ်။



news-view-count-icon

22