မြဝတီခရိုင်အတွင်း မိုးရွာသွန်းမှုများကြောင့် မြဝတီ-ထို့ကော်ကိုးလမ်းတွင် သွားလာရခက်ခဲနေကြောင်း ယာဉ်မောင်းဖြစ်သူများ၏ ပြောပြချက်အရ သိရပါတယ်။မိုးရွာသွန်းမှုများကြောင့် ထို့ကော်ကိုးလမ်းတွင် ကားများ လမ်းချော်ခြင်း၊ အတက်အဆင်းကားများ လမ်းပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေပါတယ်။"အဆင်းလမ်း၊ အတက်လမ်းမှာ ကားတစ်စီးလောက်စလစ်ဖြစ်ပြီဆို ညအိပ်တော့ပဲ။ ဆင်းမရ တက်မရနဲ့ အခုဆို ကားတွေက ဖြည်းဖြည်းမောင်းရတော့ လမ်းပိတ်တယ် စောင့်ရတယ်"ဟု ပြောသည်။ကားလမ်း ခရီးအခက်အခဲကြောင့် ခရီးသည်တင်ကားများလည်း ညအိပ်စောင့်ကာ ဖြတ်သန်းနေရပါတယ်။



