၂၀၂၄ ခုနှစ်က မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်တပ်မှ တပ်ဖွဲ့ဝင်များက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည့် အမှုအား စုံစမ်းစစ်ဆေးနိုင်ရန် ထိုင်းရှေ့နေများကောင်စီက အလုပ်အဖွဲ့ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း Fortify Rightsမှမေလ ၂၃ ရက်တွင် ထုတ်ပြန်သည်။ထိုသို့ အလုပ်အဖွဲ့ ဖွဲ့စည်းလာခြင်းမှာ ညှဉ်းပန်းနှိပ်စက်မှုတွင် ထိုင်းစစ်သားများ ပါဝင်နေကြောင်း တိကျသည့် သက်သေအထောက် အထားများပါဝင်သည့် တိုင်ကြားစာကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Fortify Rights မှ တင်သွင်းခဲ့ခြင်းနောက်တွင် ထိုင်းရှေ့နေများကောင်စီက အကောင်အထည်ဖော် ဆောင်ရွက်လာခြင်းဖြစ်သည်။ 

May 24 • 7:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


