back

ပြည်ကြီးတံခွန်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၈ တန် ဖမ်းဆီးရမိခဲ့

May 24 • 3:02 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်ကြီးတံခွန်မြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁ ဒသမ ၈ တန် ဖမ်းဆီးရမိခဲ့

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေလ ၁၉ ရက်နေ့ ည ၇ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မေလ ၁၉ ရက်နေ့ ည ၇ နာရီအချိန် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၃ ဘီလမ်းပေါ်တွင် ယဉ်မင်းဦး မောင်းနှင်သည့် ISUZU အမျိုးအစား ကုန်တင်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ဒသမ ၈ တန်(တစ်တန်လျှင် ငွေကျပ်သိန်း ၄,၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၇,၂၀၀)ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကိုနယ်စပ်ဒေသမှ တရားမဝင်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မုံရွာမြို့မှ ကဖင်းအိတ်များသယ်ဆောင်ခိုင်းသူ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ ကိုဇေ(ခ)ကိုဇေဇေအောင်နှင့် မစန္ဒာဝင်းတို့၏ နေအိမ်အား မေ ၂၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်ဝင်ရောက်ရှာဖွေခဲ့ရာ မစန္ဒာဝင်း အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ကဖင်းအိတ်များအား ကလေးမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ရန်စေခိုင်းသူ အောင်ဆန်းဦး(ခ)စိုးကို (ခ)အောင်စိုးသူ အား ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိနေအိမ်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိပါတယ်။


news-view-count-icon

21