back

ဖူးခက် လေဆိပ်မှ Air Asia လေယာဉ်မှာ ဗုံးလန့်မှု ဖြစ်ပွားခဲ့

May 24 • 2:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဖူးခက် လေဆိပ်မှ Air Asia လေယာဉ်မှာ ဗုံးလန့်မှု ဖြစ်ပွားခဲ့

မေလ ၂၃ ရက်နေ့ နေ့လည် ၃ နာရီ ၁၇ မိနစ်မှာ AirAsia လေယာဉ်တစ်စီးဟာ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးစဉ်သစ်တစ်ခု စတင်ရန် ပြင်ဆင်နေစဉ် လေယာဉ်ပေါ်ပါ ထိုင်းနိုင်ငံသား...

မေလ ၂၃ ရက်နေ့ နေ့လည် ၃ နာရီ ၁၇ မိနစ်မှာ AirAsia လေယာဉ်တစ်စီးဟာ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ခရီးစဉ်သစ်တစ်ခု စတင်ရန် ပြင်ဆင်နေစဉ် လေယာဉ်ပေါ်ပါ ထိုင်းနိုင်ငံသား ခရီးသည်တစ်ဦးက လေယာဉ်အမှုထမ်းများအား လေယာဉ်ပေါ်တွင် ဗုံးပါရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာ လေယာဉ်မှူးဟာ လေကြောင်းလုံခြုံရေးဆိုင်ရာ အရေးပေါ်လုပ်ထုံးလုပ်နည်းများနှင့်အညီ လေယာဉ်ကို လေဆိပ်ရဲ့ အဝေးရှိ သီးသန့်သတ်မှတ်ထားတဲ့ လေယာဉ်ရပ်နားရာနေရာသို့ ချက်ချင်း ပြန်လည်မောင်းနှင်ခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ပြောကြားမှုပြုလုပ်ခဲ့တဲ့ ခရီးသည်ကို လေယာဉ်ပေါ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

news-view-count-icon

24