တောင်ကိုရီးယားတွင် Coupang အွန်လိုင်းဈေးခင်းသည် စားသောက်ကုန်လုပ်ငန်ကြီး Nongshim မှ ထုတ်လုပ်သည့် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ခွက် Yukgaejang ကို မေလ ၂၁ ရက် မနက် ၁၁ နာရီတွင် ဈေးနှုန်းအမှားကို ဖော်ပြခဲ့သည်။ Yukgaejang ခေါက်ဆွဲခြောက်ခွက် ၃၆ ခု ပါသော အထုပ်ကြီး တထုပ်ကို ဝမ် ၅၀၄၀ ($3.64) ဟု ဈေးနှုန်းဖော်ပြခဲ့သည်။ တခွက်လျှင် ဝမ် ၁၄၀ မျှသာ ပေးရမည်ဖြစ်သည်။ ဈေးအမှန်မှာ ဝမ် ၂၇၀၀၀-၂၈၀၀၀ ဖြစ်ပါသည်။ တရားလွန် လျှော့စျေးဖြင့် ရောင်းချနေကြောင်း အွန်လိုင်းဖိုရမ်များနှင့် ဆိုရှယ်မီဒီယာများတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး အမှာစာများ များပြားသွားခဲ့သည်။ ကုမ္ပဏီက အရောင်းမြှင့်တင်ခြင်း မဟုတ်ကြောင်း၊ ဈေးနှုန်းကို မှားယွင်းဖော်ပြခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။



