ကလေးမြို့ရှိ ဘိလပ်မြေ အရောင်းဆိုင်များမှာ ပစ္စည်း ပြတ်လပ် နေပြီး တအိတ်လျှင် ကျပ် ၇ သောင်း နှုန်းဖြင့် လူတစ်ယောက် လျှင် ငါးအိတ်သာ ဝယ်ယူခွင့်ပြုကြကြောင်း ကလေးမြို့နေ ဒေသခံများ ထံမှ သိရှိရပါတယ်။ ဆောက်လုပ်ရေး လုပ်ကိုင်နေသူ အင်ဂျင်နီယာ တစ်ဦး ကတော့ “မိုးကျတော့မှာ မို့လို့ ဆောက်လုပ်ရေး ဆိုဒ် တော်တော်များများက အလုပ်ကို အပြီးသတ် နိုင်ဖို့ ကြိုးစားနေကြတာ။ ဒါက ပုံမှန်ထက် ဝယ်လိုအားကို ပိုမြင့်စေတာ ဗျ။ မိုးကျ ရင် တချို့ဆိုဒ်တွေ နားရမယ်။ အဲ့ချိန် ပုံမှန် ဈေး ပြန်ရောက် နိုင်တယ်” လို့ သုံးသပ် ပြောဆိုပါတယ်။



