ထိုင်း-မြန်မာနယ်စပ်တလျောက် ချင်းရိုင်နှင့် ချင်းမိုင်ခရိုင်ကို ဖြတ်သန်းစီးလာသော နမ့်ခုတ်မြစ်ရေညစ်ညမ်းမှု ပြဿနာကို သုံးလကြာ ထိုင်းအစိုးရမှ ဖြေရှင်းရန်ပျက်ကွက်ပြီးနောက် လက်ရှိဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ပေးရန် ထိုင်းအတိုက်အခံ အမတ်ဖြစ်သူ ကန်နဝီက The Reporters သတင်းဌာနသို့ပြောကြားခဲ့သည်။ ထိုနမ့်ခုတ်မြစ်အတွင်း အဆိပ်သင့်ဓာတ်သတ္တုများကို ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် စတင်တွေ့ခဲ့ပြီးနောက် မြစ်ရေညစ်ညမ်းမှုပြဿနာကို ထိုင်းအစိုရအနေဖြင့် နိုင်ငံအကြား ယနေ့တိုင် ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိသည့် အပေါ် ကန်နဝီက ဝေဖန်လိုက်သည်။



