ထိုင်းနိုင်ငံ၊ Prachuap Khiri Khan ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များသည် မေလ ၂၃ ရက်က ဥယျာဉ်အိမ်တစ်ခု၌ ေ-သဆုံးသွားသည့် အသက် ၆၄ နှစ်အရွယ် သြစတြေးလျ အမျိုးသားတစ်ဦး ေ-သဆုံးမှုအား စုံစမ်းဖော်ထုတ်ခဲ့သည်။ ၎င်း၏အလောင်းကို မတွေ့ရှိမီ ၄၈ နာရီအလိုတွင် ေ-သဆုံးသွားသည်ဟု ခန့်မှန်းရသည်။ အခန်းထဲတွင် ရုန်းကန်ခြင်း သို့မဟုတ် လုယက်ခြင်း စသည့် လက္ခဏာများ မတွေ့ရပေ။ ကနဦးတွင် အိပ်ခန်းအတွင်း ဆေးခြောက်နှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့သည်။ သူ၏ ထိုင်းဇနီးသည် ဩစတေးလျသို့ ဦးစွာ အလုပ်ကိစ္စဖြင့် ထွက်သွားကြောင်း ေ-သဆုံးရသည့်အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများက အလောင်းကို ခွဲစိတ်စစ်ဆေးရန် ဆရာဝန်ထံ ပေးပို့ထားကြောင်း သိရသည်။



