အရှေ့လေပွေလှိုင်းမြန်မာပြည်သိုဝင်ရောက်မည်ပြောထားသည့်အတိုင်း တောင်တရုတ်ပင်လယ်မှ အရှေ့လေစီးကြောင်းအားကောင်းလာနေပါသည် ။ထိုအခြေအနေကြောင့် မြန်မာပြည်သို့ ရှမ်းပြည်နယ်မှစစ်ကိုင်းတိုင်းကို အရှေ့လေပွေလှိုင်းများဖြတ်သန်းလာပါမည် ။ဒါကြောင့် ရှမ်းပြည်နယ် ၊မန္တလေးအထက်ပိုင်း ၊စစ်ကိုင်းတိုင်း ၊ကချင်ပြည်နယ်တို့ မေ ၂၅ အတွင်းမိုးများနိုင်ပါသည်။ရှမ်းပြည်နယ် ၊မန္တလေးအထက်ပိုင်း ၊စစ်ကိုင်းတိုင်းတို့ သဘာဝဘေး သတိထားရမည့် အခြေအနေရှိပါသည်ဒေသတချို့တွင် ရေကြီးရေလျှံဖြစ်နိုင်သည်အထိမိုးများနိုင်ပါ သည်။



