ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် မြေနီကုန်းတဝိုက် နေထိုင်သူများနဲ့ လမ်းသွားလမ်းလာများထံကနေ သံဃာအယောင်ဆောင်ပြီး ပိုက်ဆံတောင်းခံနေသူ၂ဦး ရှိနေတဲ့အတွက် သတိပြုသွားလာနိုင်ရန် ဒေသခံ တွေကပြောပါတယ်။အဆိုပါ အမျိုးသား၂ဦးမှာ မြေနီကုန်းတဝိုက် နေထိုင်သူများနဲ့ လမ်းသွားလမ်းလာများထံကနေ ပိုက်ဆံ တောင်ခံနေကြတာဖြစ်ပြီး မပေးတဲ့သူတွေကိုလည်း ဆဲဆိုခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ ကိုယ်တိုင် ကြုံတွေ့သူတစ်ဦးက ပြောပါတယ်။ပဒုမာ ပန်းခြံနား သံဃာအယောင်ဆောင်ပြီး စုံတွဲတစ်စုံကို အတင်းပိတ်ဆို့လက်ကာပြီး ငွေအတင်း တောင်းနေတာတွေလုပ်ကိုင်နေကြသလို တစ်ဦးထဲသွားလာသူများကိုလည်း အလားတူပိတ်ဆို့ကာ ပိုက်ဆံတောင်နေကြတာ ဖြစ်ပါတယ်။



