back

ပဲခူးက လူပျောက်ကြော်ငြာထားတဲ့ ဆယ်ကျော်သက်ကျောင်းသားငယ်မှာ သေဆုံးလျက်သာ အလောင်းပြန်တွေ့ရ

May 23 • 11:22 AM

breaking-news

မြန်မာ

ပဲခူး

breaking-news
cover

ပဲခူးက လူပျောက်ကြော်ငြာထားတဲ့ ဆယ်ကျော်သက်ကျောင်းသားငယ်မှာ သေဆုံးလျက်သာ အလောင်းပြန်တွေ့ရ

ပဲခူးမြို့က ပျောက်ဆုံးဆယ်ကျော်သက်လူငယ်ကို ပျောက်ဆုံးပြီး သုံးရက်မြောက်နေ့မှာ အသက်သေဆုံးလျက်သား အလောင်းသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံက...

ပဲခူးမြို့က ပျောက်ဆုံးဆယ်ကျော်သက်လူငယ်ကို ပျောက်ဆုံးပြီး သုံးရက်မြောက်နေ့မှာ အသက်သေဆုံးလျက်သား အလောင်းသာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။အဆိုပါ လူငယ်ပျောက်ဆုံးနေကြောင်းကို မေလ ၂၀ ရက် ည ၇ နာရီလောက်မှာ မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ် ဓာတ်ပုံနဲ့တကွရေးတင်ကာ အသိပေးရှာဖွေနေတာပါ။ လူငယ်က အသက် ၁၃ နှစ်အရွယ် အခုလာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ အဋ္ဌမတန်းတက်ရောက်မယ့် မောင်သက်နိုင်မင်းလို့ သိရှိရပြီး သူ့ရဲ့ ရုပ်အလောင်းပြန်တွေ့တဲ့နေရာက ပဲခူးမြို့၊ မဇင်းဆည်ဘောင်ဘေး ချုံပုတ်ထဲမှာ လက်ပြန်ကြိုးတုပ်လျက်အနေအထားနဲ့ ပြန်လည်တွေ့ရှိတာလို့ သိရပါတယ်။

news-view-count-icon

21