ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆောင်၍ လုပ်ငန်းအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၁၄)ကြိမ်မြောက်တိုးတက်မှုအစီရင်ခံစာ တင်ပြချက်အရလက်ငင်းရလဒ် ၇ ဒသမ ၁ ကို တစ်စိတ်တစ်ပိုင်းလိုက်နာဆောင်ရွက်မှုအဆင့်သို့ ပေးခဲ့ပါကြောင်းနှင့် AML/CFT လုပ်ငန်း များအား Timeline Target များချ မှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ဆက်လက်အကောင်အထည်ဖော်ရန် ကျန်ရှိသည့်အခြေအနေများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုကော်မတီနှင့် အများပြည်သူသိရှိစေရန်အတွက် ပွင့်လင်းမြင်သာ စွာချပြနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားသည်။
May 23 • 11:10 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


