မန္တလေးမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသား စာရင်းပေးသွင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။



