ယနေ့ မေ(၂၃) ရက်တွင် မငလျင်ဒဏ်သင့် မန္တလေးမြို့သို့ သဲဖြူမဟာမြိုင်တောရ ဆရာတော်ဘုရားကြီးနှင့် တပည့်သာဝကများအဖွဲ့မှ သွားရောက်၍ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများ ပြုလုပ်သည်။ဆေးရုံများသို့ အောက်စီဂျင်စက် အလုံး (၁၀၀) လှူဒါန်းခြင်း၊ မန္တလေးငလျင်ဘေးသင့် ပြည်သူများအတွက် ကျပ်သိန်း (၁,၀၀၀) ကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ထို့ပြင် ဆရာတော်ကြီးသည် Win Unity Hotel ရှေ့တွင်ငလျင်ဘေးသင့် မန္တလေးပြည်သူများသို့ (၂) ပြည်အိတ် (၅,၀၀၀) ၊ စားသုံးဆီ (၁) လီတာဗူး (၅,၀၀၀) ၊ ဖိနပ်အရံ (၅,၀၀၀)တို့ကို ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။



